Web Training Centre
မြန်မာနိုင်ငံတွင် ပထမဦးဆုံး Drupal CMS သင်တန်း
ဝက်ဘ်ဆိုက်တစ်ခု တည်ဆောက်ဖို့အတွက် နည်းလမ်းများစွာ ရှိသည့်အနက် ရိုးရှင်းလွယ်ကူသော သာမန် website များကို HTML/CSS ပိုင်နိုင်ရုံမျှနှင့် ရေးသားနိုင်သော်လည်း Business Requirement အမျိုးမျိုး၊ User Level အမျိုးမျိုး ပါဝင်သော ဆိုက်များကို တည်ဆောက်တော့မယ် ဆိုရင်တော့ Drupal Content Management Systems (CMS) လို့ခေါ်တဲ့ Web Development Tools ကို ကျွမ်းကျင်ပိုင်နိုင်ထားရန် လိုအပ်လာပါပြီ။
Druapal Content Management System (CMS) ဆိုသည်မှာ သာမန် Website ဖြစ်စေ၊ User Level အမျိုးမျိုး ပါဝင်သော website ဖြစ်စေ၊ မည်သည့် website အမျိုးစား ကိုမဆို ကိုယ်တိုင် coding တစ်ကြောင်းမှ ရေးဖို့မလိုဘဲ တည်ဆောက်လို့ရနိုင်သည့် Development Tools တစ်ခု ဖြစ်ပါသည်။ Drupal CMS ကို အသုံးပြု၍ Social network, Educational websites, Government Websites, Community Web Portal, Discussion sites, Online Magazine, Online shopping, Corporate websites, E-Commerce websites, Personal website or Blog စသည့် website များကို အလွယ်တကူ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ထိုသို့တည်ဆောက်နိုင်စေရန် Drupal CMS အသုံးပြုနည်း သင်တန်း ကို အခြေခံမှစ၍ Professional ဖြစ်သည်အထိ သင်ကြားပေးမည့် Drupal CMS Basic and Drupal CMS Advanced သင်တန်းကို မတ်လဆန်းမှ စ၍ Netinfo Training Centre တွင်ဖွင့်လှစ် သင်ကြား ပေးမည်ဖြစ်ပါသည်။
အသေးစိတ် သိရှိလိုပါက Netinfo Training Centre- Building 4, Room 2, Myanmar Info Tech, Universities Hlaing Campus, Yangon, Myanmar. ဖုန်းနံပါတ် ၀၁-၆၅၂၂၉၁ သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရှိရပါသည်။








