Top Ten Certificates

အိုင်တီလောကမှာ လက်မှတ်တွေနဲ့ အသိအမှတ်ပြုစာပေးပွဲတွေ ရာနဲ့ချီပြီး ရှိပါတယ်။ အချို့က ဆော့ဖ်ဝဲ ထုတ်လုပ်သူေ တွက ကြီးမှူးကျင်းပပေးတာဖြစ်ပြီး၊ အချို့ကို ကြားခံအဖွဲ့အစည်းကြီးတွေက ကြီးမှူးကျင်းပပေးတယ်။ ပညာရေးငှာန တက္ကသိုလ်၊ ကောလိပ်တွေကထုတ်ပေးတဲ့ လက်မှတ်တွေလည်းရှိတယ်။ အိုင်တီလက်မှတ်အများစုဟာ ရယူဖို့အင်မတန် လွယ်တယ်။ အိုင်တီလောကမှာ ကျင်လည်နေတဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေမှာ လက်မှတ် အနည်းဆုံး သုံး ခုလောက် စာရင်းဝင်နေတာ တွေ့ရတယ်။

အိုင်တီလောကမှာတော့ စာမေးပွဲကြေးတတ်နိုင်ရင်၊ မှားမှန်ရောထွေး အမှန်ရွေးနိုင်ရင်၊ စာမေးပွဲအောင်သွား ရင် လက်မှတ် တစ်စောင် ရနိုင်တယ်လို့ ဆိုကြတယ်။ နောက်တစ်ချက်က အိုင်တီလက်မှတ် တစ်စောင်ရဖို့ ဖြေရတဲ့စာ မေးပွဲကြေးတွေက ကြီးလွန်းတယ်။ အိုင်တီလက်မှတ်တစ်စောင်ရဖို့လွယ်သလားလို့မေးရင် မလွယ်ဘူးလို့လည်း ပြော လို့ရပါတယ်။ အတွေ့ အကြုံ၊ အခြေခံပညာ၊ အထောက်အပံ့အကူအညီတွေအားလုံး ပြည့်စုံမှရနိုင်တာတွေလည်းရှိ တယ်။ စာမေးပွဲဖြေဖို့ အချိန်တွေကုန်၊ ငွေတွေကုန်၊ လူတွေပင်ပန်းရတာကြောင့် စဉ်းစားကြည့်ရင် စိတ်ညစ်စရာ ကောင်းတယ်လို့ ပြောရမယ်။ စာမေးပွဲဆိုရင် လွယ်သည်ဖြစ်စေ ခက်သည်ဖြစ်စေ စိတ်လှုပ်ရှားရတာပဲ။ ကိုယ်ဖြေ မယ့်စာမေးပွဲက ကိုယ့်ဘ၀ ကိုပြဌာန်းပေးမှာ မှန်စေ တကယ်တတ်အောင်လုပ်ရတဲ့အပိုင်းတွေလည်း ရှိသေးတယ်။ ဘယ်လက်မှတ် ကို ရွေးချယ်သင့် တယ်ဆိုတာမျိုး၊ အလုပ်မှရပါ့မလာ၊ ရာထူးမှတိုးပါ့မလားဆိုတဲ့ သောကမျိုးတွေ လည်းထည့်ပေါင်းရင် အများကြီးရှိသေး တယ်။ ကိုင်းဘယ်စာမေးပွဲကိုဖြေဖို့ စိတ်ကူးထားကြသလဲ။ ခုဖော်ပြမှာက နိုင် ငံတကာ မှာ ရေပန်းအစားဆုံးနဲ့၊ လူကြိုက် အများဆုံး လက်မှတ်ရ စာမေးပွဲတွေအကြောင်းပါ။ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ကြ ဖို့ ဖြစ်ပါတယ်။

  » MCSE   » MCSA   » CCIE
  » CCSP   » CISSP   » GSE
  » RHCE/RHCA   » Special Exam & Certificates