Networking Training Centre

အခြေခံမရှိသေးသူများအတွက်လည်း အခြေခံမှစ၍ တက်ရောက်နိုင်ရန် Computer Foundation Course ကို စီစဉ်ပေးထားသလို Computer အခြေခံရှိသူများ နှင့် လေ့လာပြီးသူများ သည် A+ နှင့် N+ Course တက်ရောက်နိုင်ပါသည်။ အရည်အချင်းစစ်စာမေးပွဲများကို Course ပြီးချိန်တွင် ဖြေဆိုစေ၍ အရည်အချင်းပြည့်မှီမှသာ Certificate ထုတ်ပေးပါသည်။ Foundation Course တက်ပြီးပါက A+ Course ကိုတက်နိုင်ပါသည်။ N+ Course ကို A+ Course တက်ပြီးပါကဆက်လက်သင်ယူနိုင်ပါသည်။

PC များကိုမိမိကိုယ်တိုင်ပြုပြင်ထိန်းသိမ်းနိုင်သည်အထိ စာတွေ့လက်တွေ့သင်ကြားပေးပြီး စာမလိုက်နိုင်သူများ၊ အတန်းချိန်မမှန်သူများ၊  အရည်အချင်းစစ်စာမေးပွဲတွင် အမှတ်ကောင်းမရသူများအား အတန်းသစ်တွင်ပြန်လည်သင် ယူစေပြီးမှသာ Certificate ထုတ်ပေးပါသည်။

Basic Networking Course  ကို လေ့လာပြီးသူများ သည် Microsoft MCITP(Netwoking) Course ကိုတက်ရောက်နိုင်ပါသည်။ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသူများ၊ Computer နှင့် နည်းပညာ တက္ကသိုလ်ကျောင်းသား များ နှင့်Computer ကို စိတ်ဝင်စားသူများအား အထူးရည်ရွယ်၍ ဖွင့်လှစ်ထားသော Microsoft Certificate သင်တန်း များဖြစ်သည်။ Microsoft မှ စစ်သော MCITP စာမေးပွဲများကို ဖြေဆိုနိုင်ရန် Lecturer များကသချာအရည်အချင်းပြည့် မှသာ Microsoft Exam များ ကိုဖြေခွင့်ပေးပါသည်။

Exam ဖြေဆိုရာတွင်    Administration Fees - 13,500 K၊          တစ်ဘာသာ လျှင်  Exam Fees -  USD 80 နှင့်     မိမိနှစ်သက်ရာဘာ သာကို မိမိကြိုက်နှစ် သက်သော အချိန်၊ရက်တွင်ဖြေဆိုနိုင်ရန်(  7  )ရက် ကြိုတင်၍ Exam Fees သွင်းပေးရပါသည်။ Microsoft မှ ပေးသော Certificate ကို On-line စာမေးပွဲဖြေပြီး (  7  )အတွင်းရနိုင်ပါသည်။ MCITP Course တက်ပြီးပါက CCNA Course ကိုတက်နိုင်ပါသည်။ MCITP Certificate ရရှိပြီးလျှင် ကမ္ဘာအနှံ့တွင် Microsoft Network ပညာရှင်အဖြစ် ရပ်တည်နိုင်ပြီး ကုမ္ပဏီကြီးများတွင် Enterprise Administrator အဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ကွန်ပျူတာ  Hardware Course, Networking Course များကို လေ့လာထားသူများနှင့် MCITP Course ကို လေ့လာ ပြီးသူများသည် CCNA Course ကိုတက်ရောက်နိုင်ပါသည်။ Cisco မှ စစ်သော CCNA စာမေးပွဲကို ဖြေဆိုနိုင်ရန် Netinfo Lecturer များနှင့် မေးခွန်းဟောင်းများ၊ စက်များဖြင့် သေချာလေ့ကျင့်ပြင်ဆင်စေပြီးမှသာ CCNA Exam ကိုဖြေ ခွင့်ပေးပါသည်။ Netinfo မှအမှတ်ပြည့်ရသောကျောင်းသားပေါင်း များစွာကို မွေးထုတ်ပြီးဖြစ်ပါ သည်။ Exam ဖြေဆိုရာတွင်    Administration Fees - 65,000 K၊     CCNA Exam Fees - USD 250         မိမိကြိုက်နှစ်သက်သော အချိန်၊ ရက် တွင် ဖြေဆိုနိုင်ရန် (  7  )ရက်ကြိုတင်၍ Exam Fees သွင်းပေးရပါသည်။ Cisco မှပေးသော Certificate ကို On-line စာမေးပွဲဖြေပြီး ( 7 )အတွင်း ရနိုင် ပါသည်။ CCNA Certificate ရရှိသူများအနေဖြင့် နိုင်ငံတကာတွင် Network ပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုနိုင်သလို Cooperate အဆင့်ရှိ ကုမ္ပဏီများ၊ ဘဏ်များ တွင်ဝင်ရောက် လုပ်ကိုင်နိုင်မည်။