Windows Deployment Services
Windows Deployment Services, WDS ခေါင်းစဉ်ဖြင့်လက်တွေ့ သရုပ်ပြခြင်း
Microsoft Corporation မှ Server Role တစ်ခု ဖြစ်သော Windows Deployment Service ၏ လိုအပ်ချက်များ၊ အသုံးပြုပုံများ၊ အသုံးဝင်ပုံများ၊ အကျိုးကျေးဇူးများ အား Cient/Server network တစ်ခုတွင် လက်တွေ့သရုပ်ပြ ပြုလုပ်သွားမည့် အစီအစဉ်ဖြစ် ပါသည်။ ပြည်တွင်းပြည်ပ လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြု လျှက်ရှိသော Microsoft Servers နှင့် Microsoft Clients OS များ ကို အချိန်တိုတိုနှင့် DVD media, USB media များမလိုပဲ network မှတဆင့် installation လုပ်ခြင်း သည် Windows Deployment Service ဖြစ်သည်။
အကျိုးကျေးဇူး များစွာရှိသော WDS အား လက်တွေ့ ဆာဗာများဖြင့် သရုပ်ပြသော အစီအစဉ်ကို (19.2.2012) နေ့လည် (1:00 မှ 3:00 ) ထိတစ်ချိန် ၊ (3:00 မှ 5:00 )ထိတစ်ချိန် ၊ နှစ်ချိန်ခွဲ၍ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ အထက်ပါသရုပ်ပြ အစီအစဉ်သို့ Microsoft Exam ဖြေဆိုပြီး သူများ၊ ဖြေဆိုရန်ပြင်ဆင်နေသူများ ၊ Networking ပညာရပ်ကို စိတ်ပါဝင်စားသူများ ၊ NetInfo Training Centre မှကျောင်းသားဟောင်းများ တက်ရောက်နိုင်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် NetInfo Training Centre အဆောင် (4) ,အခန်း(2) Myanmar Info-Tech Ph: 652291 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ လူဦးရေ အကန့်အသတ် ရှိပါသဖြင့် 16.2.2012 နောက်ဆုံး စာရင်းပေးသွင်းနိုင်ပါသည်။
နေ့ရက် - 19.2.2012 (Sunday)
အချိန် - 1:00 to 3:00 PM And 3:00 to 5:00 PM
နေရာ - NetInfo Training Centre (အဆောင် - 4 ,အခန်း - 2, Myanmar Info-Tech, Ph: 652291 )








