FAQ

ကျွန်တော် CCNA စာမေးပွဲဖြေဆိုအောင်မြင်ပြီးတာ 1 နှစ်ခွဲလောက်ရှိနေပါပြီ။ ပြည်တွင်း Company 1 ခုမှာပဲ အလုပ်လုပ်နေပါတယ်။ Certificate က Expire ဖြစ်တတ်တာရယ် ရှေ့ဆက်၍ ဆက်လက်လေ့ လာရန်တွေ လမ်းညွန်ပေးစေလိုပါတယ်။

CCNA စာမေးပွဲတွေက ဖြေပြီးရင် Certificate က 2 နှစ်အထိ Valid ဖြစ်ပါတယ်။ 2 နှစ်မတိုင်ခင် Cisco ကနောက်ထပ် Certificate တခုထပ်ယူရမှာ ဖြစ်ပါတယ်။

Certificate 1 ခုကိုင်ထားပြီး Networking နဲ့ အဆက်အသွယ် မပြတ်ဖူးဆိုတာ Approve လုပ်ရုံသက်သက်ပါပဲ။ Cisco က ဘယ်စာမေးပွဲကို မဆို 2 နှစ်မတိုင်ခင်ထပ်ဖြေရင် နောက်ထပ် 2 နှစ်ထပ်ရပါလိမ့်မည်။

Upgrade လုပ်ဖို့ကတော့ အများစုဟာ CCNP Switching ကိုရွေးကြပါတယ်။ပြီးရင် CCNP routing, troubleshooting အဆင်ဆင့်ပေါ့။ အဲ့ဒီလို career ကိုလိုက်လည်းရပါသည်။

နောက်ထပ် option တစ်ခုကတော့ CCNA Wireless, security အစရှိတဲ့ ဘာသာရပ်တွေလေ့လာပြီး စာမေးပွဲဖြေထားမယ်ဆိုရင် Certificate တွေလည်း Expire မဖြစ်ရုံမက ကိုယ်လည်း Technology တခုကို Specific detail ကျကျ တတ်ကျွမ်းသွားနိုင်ပါသည်။

 

ကျွန်တော်ဝယ်ထားတဲ့ Notebook က Windows 7 Home Premium Licensed Version တစ်ခါတည်းပါပါ တယ်။ RAM 2GB ရှိပါတယ်။ Windows 7 Ultimate ကိုပြောင်းချင်ပါတယ်၊ RAM 4GB နှင့်အထက်လည်းလို ချင်ပါတယ်။ မည်သို့လုပ်ဆောင်ရပါသလဲ။

RAM 2 GB နဲ့ Windows 7 Home Premium ဆိုရင် 32 bit ဖြစ်မှာသေချာပါတယ်။ RAM ကို 4 GB နှင့် အတက်လိုချင်တယ် ဆိုရင်တော့ Windows 7 64 bit ကိုသုံးရမှာ ဖြစ်ပါတယ်။ Windows Installation ပြန်လုပ်ရမှာ ဖြစ်ပါတယ်။

Windows 7 Ultimate ကိုမလိုအပ်လျှင် မသုံးဖို့မေတ္တာရပ်ခံချင်ပါတယ်။ Windows 7 Ultimate ရဲ့ Features တွေ လိုအပ်လို့ သုံးမယ်ဆိုလဲ License အစစ်ကိုဝယ်သုံးဖို့တိုက်တွန်းချင်ပါတယ်။ Microsoft မှ Home Premium to Ultimate ဆိုပြီးသီးသန့် Upgrade Price ရှိပါတယ်။ ပုံမှန်တက်ဈေးနှုန်းချိုသာပါတယ်။ နားလည် တတ်ကျွမ်းသူ များနှင့် တိုင်ပင်ပြီး လုပ်လျှင် ပိုကောင်းပါလိမ့်မည်။ မဟုတ်လျှင် ကိုယ်ရှိပြီးသား License ပါပျောက်သွားတတ်ပါသည်။

 

ကျွန်တော် အင်တာနက်ဆိုင် ကနေ Wireless လွှင့်ထားပါသည်။ ခဏခဏ Connection ပျက်ပျက်သွား တတ်၍ မည်သို့ လုပ်ဆောင်ပါမလဲ။

အင်တာနက်ဆိုင်က Wireless လွှတ်တာပဲဖြစ်ဖြစ်၊ Public Area တွေ၊ စားသောက်ဆိုင်တွေမှာ လွှတ်ပေး တာပဲ ဖြစ်ဖြစ်၊ Wireless ဆိုသည်မှာ Reliable (ယုံကြည်စိတ်ချ) ရှိမှအဆင်ပြေနိုင်ပါသည်။ Connection ခဏခဏ ပျက်သွာတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်လို့ ဖြစ်နိုင်ချေရှိသည်များကို အောက်တွင် ဖော်ပြပေးထား ပါသည်။

1) သုံးနေတဲ့ Wireless access point (or) Wireless router brand ကောင်းဖို့လိုပါတယ်။ Home Use, Internet Café လောက်ဆိုရင်တော့ Linksys(802.11 B/G/N) တံဆိပ်တွေကောင်းပါတယ်။ 60,000 K နှင့် 100,000 K ကြားရှိပါသည်။

2) Wireless access point (or) Wireless router ရဲ့တည်ရှိနေရာနဲ့လည်းဆိုင် ပါသည်။ ကိုယ့် အိမ်၊ ရုံး၊ အင်တာနက်ဆိုင်အတွက်ပဲ သီးသန့်ဆိုရင်တော့ အလယ်ဗဟိုကြနိုင်သမျှကြအောင်ထားပြီး သုံးသင့် ပါသည်။ Outdoor တွေပါလွှင့်ချင်တယ်ဆိုရင်တော့ Outdoor antenna တွေပါတွဲသုံးရင်ပို ကောင်းပါမည်။

3) လျှပ်စစ်မီးအနေအထားနဲ့လည်း ဆိုင်ပါတယ်။ မီးအားခဏခဏ ကျတတ်တာမျိုး၊ မီးအားမမှန် တာမျိုးတွေရှိရင်လည်း Wireless access point (or) router restart ဖြစ်သွားတတ်ပါတယ်။ ဖြစ်နိုင်ရင် UPS တစ်လုံးလောက်ခံထားသင့်ပါသည်။

ထိုအချက်များကို အရင်စစ်ကြည့်နိုင်ပါသည်။ အဲ့ဒါမှ Connection ပျက်နေတုန်းပဲဆိုရင်တော့ တခြား Security Factors တွေစဉ်းစားရပါမည်။

 

ကျွန်တော် Desktop ခဏခဏ hang ပြီး အင်မတန်နှေးကွေးတတ်ပါသည်။ Core i7, Memory 4GB, HDD 750GB ပါ။ Windows လဲ ခဏခဏအသစ်တင်ဖြစ်ပါတယ်။ Virus လည်း မရှိပါဘူး။ Download တော့နေ့စဉ်အချိန်ပြည့်ဆွဲဖြစ်တာပဲရှိပါတယ်။ Network Card ကြောင့်ဖြစ်တာလား။ ရှင်းပြပေးပါ။

Hard disk မကောင်းချင်လို့ပါ။ တင်နိုင်ရင် 750GB Hard disk ကိုဖြုတ်ပြီး Solid State Drive SSD သုံးစေချင်ပါသည်။ Windows အသစ်ရယ်၊ Virus ရှင်းတာရယ်၊ CPU ရယ်၊ Memory ရယ် အားလုံးကောင်းပါသည်။

Download နေ့တိုင်းဆွဲပီး Format ချ Windows တင်ဖို့ အတွက် Download Data တွေကို အမြဲမပြတ်ရွှေ့နေ ရလိမ့်မယ်။ အဲ့ဒါကြောင့် HDD က read/write အရမ်းများပြီးပျက်ချင်တာပါ။ အဲလိုမျိုးက Warranty လဲမရနိုင်ပါဘူး။ Hard disk များရဲ့ Warranty လုံးဝ detect မသိတော့မှ ရမှာပါ။ SSD ပြောင်းသုံးကြည့်ပါ။ UPS လည်းခံသုံးသင့် ပါသည်။